ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မိုးစပါး စံကွက်ရိတ်သိမ်းခြင်း၊ ဆောင်းသီးနှံမျိုးစေ့များ ချီးမြှင့်ပေးအပ်ခြင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်း အမှတ်စုပေါင်းသွေးလှူဒါန်းပွဲ ကြည့်ရှုအားပေး
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဆောင်ရွက်သည့် မိုးစပါး စံကွက်ရိတ်သိမ်းခြင်းနှင့် ဆောင်းသီးနှံမျိုးစေ့များ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ပြည်တော်သာစိုက်ကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူလယ်သမား များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။