ဝမ်းတွင်းမြို့နယ်၌ ဝါသီးနှံစိုက်သမဝါယမအသင်းသားတောင်သူများအား မျိုးနှင့်သွင်းအားစုပေးအပ်

ဝမ်းတွင်း  ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ လူမှုစီးပွားဘဝမြှင့်တင်ရေး(သက်တန့်ရောင်) စီမံကိန်းဖြင့် ဝါသီးနှံစိုက်သမဝါယမအသင်းသားတောင်သူများအား မျိုးနှင့် သွင်းအားစုပေးအပ်ပွဲကို ဇွန် ၁၅ ရက် နံနက်က မြို့နယ်သမဝါယမအသင်းစုခန်းမတွင် ကျင်းပသည်။

ပေးအပ်ပွဲတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။ ၎င်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်း၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လူမှုစီးပွားဘဝမြှင့်တင်ရေး(သက်တန့်ရောင်)စီမံကိန်းဖြင့် ဝါသီးနှံစိုက်သမဝါယမအသင်းသားတောင်သူများ အား မျိုးနှင့် သွင်းအားစု ပေးအပ်ခဲ့ရာ သမဝါယအသင်းသားများကိုယ်စား အသင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့  သည်။

မြို့နယ်ပြန်/ဆက်