ငါန်းဇွန်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်)စာမေးပွဲ စတင်ဖြေဆို

ငါန်းဇွန်  ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test(အထူးအစီအစဉ်)စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉နာရီမှစ၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြေဆိုနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးဆုမွန်ထွန်းတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်)စာမေးပွဲသို့ ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-1 မှ Grade-8 အထိ စာရင်းရှိ ကျောင်းသားကျောင်းသူ (၅၄၇)ဦး၊ ဖြေဆိုကျောင်းသားကျောင်းသူ(၄၀၉)ဦး ပျက်ကွက်ကျောင်းသားကျောင်းသူ(၁၃၈)ဦးနှင့် ဖြေဆိုမှု ရာခိုင်နှုန်း ၇၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)