ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ ကျန်းမာရေးအသိပညာပေးဟောပြော

ရန်ကုန် ဇွန် ၁၂

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးအသိပညာဗဟုသုတများ ရရှိစေရန်အတွက် ယ‌မန်နေ့ မွန်းလွဲပိုင်းက ယင်းတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး FAME ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဒေါက်တာခင်မောင်လွင်က မှတ်ဉာဏ် ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။

အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြားစီမံဌာနမှူးများနှင့် ဘာသာရပ်ဌာန (၁၉) ဌာနမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ယင်းတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ အင်္ဂလိပ်စာအရည်အသွေးတိုးတက်လာစေရန်ရည်ရွယ်၍ English Language Proficiency Enhancement Course သင်တန်းဖွင့်ပွဲကို ဆက်လက်ကျင်းပရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး အင်္ဂလိပ်စာဌာန ပါမောက္ခဌာနမှူး ဒေါက်တာအောင်ကြည်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်၊ အခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြားစီမံဌာနမှူးများ၊ ဘာသာရပ် (၁၉) ဌာနမှ ဆရာ၊ ဆရာများ၊ ဝန်ထမ်းများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ