ကြံခင်းမြို့နယ်လုံးဆိုင်ရာ ဒီပင်္ကရာမြတ်စွာဘုရားကြီး၏ (၂၁၀) ကြိမ်မြောက် ဘုရားပွဲတော်နှင့် တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပွဲတော်အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာဒီပင်္ကရာ မြတ်စွာဘုရားကြီး၏ (၂၁၀) ကြိမ်မြောက် ဘုရားပွဲတော်နှင့် တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပွဲတော် အခမ်းအနားကို ယမန်နေ့ည (၈) နာရီအချိန်က အဆိုပါဘုရားဝန်းအတွင်း ကျင်းပခဲ့သည်။