ငွေဆောင်မြို့၊ အ.ထ.က( ငွေဆောင်)စာသင်ကျောင်း၌ ကျောင်းအကျိုးတော်ဆောင်နှင့် မိဘဆရာအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (အ.ထ. က - ငွေဆောင်) ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအကျိုးတော်ဆောင်နှင့် မိဘဆရာ အသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ "မြသီတာခန်းမ" ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။