အမြို့မြို့အနယ်နယ်သတင်းများ

ဖောင်းပြင်မြို့တွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူလူထုသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၁၅ ရက်နေ့နံနက် ၁၀ နာရီအချိန်က ဖောင်းပြင်မြို့၊ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာ၌ အိန္ဒိယနိုင်ငံအကူအညီဖြင့် Quick Impact Project (QIP)မှ ဝါနှင့်မတ်ပဲမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာရှိ သီးနှံစိုက်တောင်သူများအား အိန္ဒိယနိုင်ငံအကူအညီဖြင့် Quick Impact Project (QIP) မှ ဝါနှင့်မတ်ပဲမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ (၁၇) ရက်နေ့တွင် ​ ရွှန်းတက်ရတနာကျောင်းတိုက်ရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

လပွတ္တာမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်(အကြို) သွေးလှူဒါန်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ(၃)မိုင်မြို့၊ ခုတင်(၂၀၀) ပြည်သူ့ဆေးရုံကြီးတွင် မြန်မာအမျိုး သမီးများနေ့အထိမ်းအမှတ် (အကြို) သွေးလှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အင်္ဂပူမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဇောင်းတန်း)တွင် လူငယ်ရေးရာ‌ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ကျောင်းသား/သူများ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံပြီး ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန အ.ထ.က (ဇောင်းတန်း)တို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့‌နေ့လယ်ပိုင်းက အ.ထ.က (ဇောင်းတန်း) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့ ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့်မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သစ်ပင်စိုက်ပွဲတော် ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အပူပိုင်းစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ကြီးမှူးပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဆောင်မှုဖြင့် ဇွန် ၁၇ ရက်နေ့က ကျောက်ဆည်မြို့နယ်ဇော်ဂျီဂေါက်ကွင်း၌ ကမ္ဘာ့သဲကန္တရာဖြစ်ထွန်းမှုနှင့်မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပွဲတော် ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ Myan Shwe Pyi Tractors Company Limited ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို အမှတ်(၁၀၉)ရပ်ကွက်ရှိ Myan Shwe Pyi Tractors Company Limited ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ခရမ်းမြို့နယ်တွင် အမျိုးသမီးများ လူကုန်ကူးအကြမ်းဖက်မှု/ သက်ငယ်မုဒိန်းမှုများမှ ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့၌ အမျိုးသမီးများ လူကုန်ကူးအကြမ်းဖက်မှု/ သက်ငယ်မုဒိန်းမှုများမှ ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ခရမ်းမြို့ အ.ထ.က (မောင်းမ) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးရာသီ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထွန်ယက်ထည့်သွင်းခြင်းနှင့် မျိုးစေ့ချကိရိယာ (Drum Seeders)ဖြင့် ကွင်းသရုပ်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထွန်ယက်ထည့်သွင်းခြင်းနှင့် မျိုးစေ့ချကိရိယာ (Drum Seeders)ဖြင့် လက်တွေ့စိုက်ပျိုးခြင်း ကွင်းသရုပ်ပြအသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တလုတ္ထော်ကျေးရွာအုပ်စု၊ တလုတ္ထော်ကျေးရွာ၊ ကွင်းအမှတ်(၁၂၆၅)၊ ဦးပိုင်အမှတ်(၁၆၆)တောင်သူ ဦးညွန့်ဝင်းလှိုင်၏ လယ်မြေ (၁၅.၀၀)ဧကေပါ်တွင် ကျင်းပခဲ့သည်။

သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှကြီးမှူး၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၆) ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှကြီးမှူး၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၆) ကို ယမန်နေ့နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ပြည်အေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြသည်။

ဟင်္သာတမြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ပြည်ထောင်စုခန်းမတွင် ကျင်းပပါသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ