ဒဂုံအရှေ့ ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို အမှတ်(၁၀၉)ရပ်ကွက်ရှိ Myan Shwe Pyi Tractors Company Limited ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၂၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှ ဒုတိယရဲမှူးမြစန်းဌေးက လမ်းအသုံးပြုသူများ သိရှိလိုက်နာရမည့် ယာဉ်/လမ်းစည်းကမ်းများ၊ ဦးစားပေးရမည့် ယာဉ်အမျိုးအစားများ၊ ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှု အမျိုးအစားများနှင့် ဖြစ်ပွားရခြင်းများ၊ ယာဉ်မတော်တဆမှုဖြစ်လျှင် အရေးယူသည့် ဥပဒေ၊နည်းဥပဒေနှင့် ပြစ်ဒဏ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၂၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှ ဒုတိယရဲမှူး မြစန်းဌေးနှင့်အဖွဲ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးနှင့် ခြေကျင်လျှောက်သူ လမ်းအသုံးပြုသူများ စည်းကမ်းနှင့်အညီ သွားလာစေရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ Myan Shwe Pyi Tractors Company Limitedမှ ယာဉ်မောင်းသူများ၊ လုပ်သားဝန်ထမ်း (၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး ဇွန်လ(၁၈)ရက်မှ ဇွန်(၁၉)ရက်နေ့ထိ (၂)ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အေးမဉ္ဇူ