ခရမ်းမြို့နယ်တွင် အမျိုးသမီးများ လူကုန်ကူးအကြမ်းဖက်မှု/ သက်ငယ်မုဒိန်းမှုများမှ ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ခရမ်း ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့၌ အမျိုးသမီးများ လူကုန်ကူးအကြမ်းဖက်မှု/ သက်ငယ်မုဒိန်းမှုများမှ ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ခရမ်းမြို့ အ.ထ.က (မောင်းမ) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ရဲက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်ထက်ထက်က အမျိုးသမီးများဆိုင်ရာ ကာကွယ်ပေးထားသည့် အခွင့်အရေးဥပဒေများနှင့် လူကုန်ကူးမှု၊ အကြမ်းဖက်မှုတို့ကို ကာကွယ်စောင့်ရှောက်နိုင်ရန် အသိပညာပေးဟော‌ပြောခဲ့သည်။

ဆက်လက်၍ ခရမ်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုးက လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းများနှင့် မူးယစ်ဆေးဝါးအန္တရာယ်များအ‌ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်အိမွန်မွန်ဇော်က အမျိုးသမီးများဆိုင်ရာ ကာကွယ်ပေးထားသည့် အခွင့်အရေးဥပဒေများနှင့် လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှုဥပဒေများအား အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများအား ဟောပြောခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်-၂ ဦးရဲမြတ်ထွန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

ခင်နှင်းဝေ