ဥတ္တရသီရိမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းကွင်းဆင်း ဆောင်ရွက်

ဥတ္တရသီရိ ဇွန် ၁၂

ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း၌ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူ ကျောင်းသား/ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းထွဋ်နှင့်ဝန်ထမ်းများက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးဒေါ်အေးအေး၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါငြိမ်းငြိမ်းဌေးတို့မှ ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား(၁၃၃)ဦး ကျောင်းသူ(၁၀၆)ဦး၊ စုစုပေါင်း (၂၃၉ )ဦးအား ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)