မြောက်ဥက္ကလာပ ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တာရစီမံကိန်း ရည်မှန်းချက်များ တာ၀န်ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူက အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တာရစီမံကိန်း ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကာ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တာရစီမံကိန်းတွင် ပါ၀င်သည့် ဌာနဆိုင်ရာများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့်အဖွဲ့၀င်များက စီမံကိန်းတာ၀န်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)