အမြို့မြို့အနယ်နယ်သတင်းများ

ကယားပြည်နယ်ဝန်ကြီးချုပ် World MSME Day အခမ်းအနားတွင် ဒေသထွက်ကုန် ပစ္စည်းများအဆင့်မီစွာ ပါဝင်ပြသရောင်းချနိုင်ရေး  လုပ်ငန်းညှိနှိုင်း 

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးအဆင့်ဆင့်ရှိ အခြေခံဝန်ထမ်းများအား အခြေခံစားသောက်ကုန် ဆန်၊ ဆီပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်က လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် တာဝန်ရှိသူများ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။

အိမ်မဲမြို့တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းခွင်မွမ်းမံ သင်တန်းဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနား ကို ဇွန် (၁၅)ရက်က ကျင်းပသည်။

အိမ်မဲမြို့နယ်၌ အရန်သားဖွားမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အရန်သားဖွားမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်၌ Placement Test(အထူးအစီအစဉ်)စာမေးပွဲ တတိယနေ့  အေးချမ်းစွာဖြေဆို

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ Placement Test(အထူးအစီအစဉ်)စာမေးပွဲ တတိယနေ့သင်္ချာဘာသာရပ်ဖြေဆိုခြင်းကို အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းတွင်ကျင်းပလျက်ရှိရာ ဇွန် ၁၇ ရက် နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုသည်။

သုံးခွ၌ မိုးစပါးတိုက်ရိုက် မျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးခြင်းသရုပ်ပြ၊  မျိုးစေ့နှင့် ပဲတီစိမ်း (GAP) ပေးအပ် 

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် မိုးစပါးတိုက်ရိုက် မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်း သဘာဝမြေသြဇာပေးအပ်ခြင်း၊ မျိုးစပါးထောက်ပံ့ပေးအပ်ခြင်း၊ ဟင်းသီးဟင်းရွက်မျိုးစေ့များထောက်ပံ့ခြင်းနှင့် ပဲတီစိမ်း(GAP) ပေးအပ်ခြင်းအခမ်းအနားကို သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာအုပ်စုရှိ၊ ကွင်းအမှတ် ၈၄၆ A၊ ဦးပိုင်အမှတ်(၇/၂)၊ရှိ ဦးမောင်မြင့်၏ တောင်သူပညာပေးရှင်းလင်းဆောင်တွင် ဇွန် ၁၇ ရက် နံနက် ၈ နာရီက ကျင်းပသည်။

ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဇွန်လ (၁၆) ရက်နေ့နံနက်ပိုင်းက နယ်စပ်‌ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ကျင်းပသည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြောင်း သိရသည်။

ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ သူနာပြုသိပ္ပံ(တောင်ကြီး) အပတ်စဉ်-၅၁ သူနာပြု ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားတက်ရောက်၊ အမျိုးသမီးလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ သွားရောက်ကြည့်ရှု

သူနာပြုသိပ္ပံ(တောင်ကြီး) သူနာပြု-သာဖွားဒီပလိုမာ (၃) နှစ်သင်တန်း သင်တန်းသား၊ သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကို ဇွန်(၁၆)ရက် နံနက် (၉)နာရီခွဲက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ သူနာပြုသိပ္ပံသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ငါန်းဇွန်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်  ဟောပြော

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၃)အခြေခံပညာမူတန်းကျောင်း၌ ယနေ့နံနက် ၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင်များခင်းကျင်းပြခြင်း ဆောင်ရွက်သည်။

ညောင်ရွှေမြို့၌ 11KV ဓာတ်အားလိုင်း(၀.၁၉)မိုင်အား မီးတိုင်များနှင့်  ထရန်စဖော်မာ(၁)လုံး အသစ်တိုးချဲ့ တည်ဆောက်

ရှမ်းပြည်နယ် ညောင်ရွှေမြို့ပေါ် မိုင်းလီရပ်ကွက်ရှိ ဓာတ်အားသုံးစွဲသူမိဘပြည်သူများ ဓာတ်အားပြည့်ဝတည်ငြိမ်စွာဖြင့် ဓာတ်အားသုံးစွဲနိုင်ရေး ရက်(၁၀၀)စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော 11KV ဓာတ်အားလိုင်း(၀.၁၉)မိုင်အား ၁၂မီတာ ကွန်ကရစ်တိုင်  တည်ဆောက်ခြင်းနှင့် 11/0.4KV (200)KVA ထရန်စဖော်မာ(၁)လုံး အသစ်တိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိုးရသ၊  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိန်လင်းတို့  ဇွန် ၁၆ ရက် ညနေပိုင်းတွင် ကွင်းဆင်းကြည့်ရှုသည်။  

ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထူးဖြူ တောင်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်သူများ၏လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် စည်ပင်သာယာရေးဌာမှ တာဝန်ရှိသူများနှင့်အတူ ဇွန်လ (၁၆) ရက် နံနက်ပိုင်းက တောင်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ