ညောင်ရွှေ ဇွန် ၁၇
ရှမ်းပြည်နယ် ညောင်ရွှေမြို့ပေါ် မိုင်းလီရပ်ကွက်ရှိ ဓာတ်အားသုံးစွဲသူမိဘပြည်သူများ ဓာတ်အားပြည့်ဝတည်ငြိမ်စွာဖြင့် ဓာတ်အားသုံးစွဲနိုင်ရေး ရက်(၁၀၀)စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော 11KV ဓာတ်အားလိုင်း(၀.၁၉)မိုင်အား ၁၂မီတာ ကွန်ကရစ်တိုင် တည်ဆောက်ခြင်းနှင့် 11/0.4KV (200)KVA ထရန်စဖော်မာ(၁)လုံး အသစ်တိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိုးရသ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိန်လင်းတို့ ဇွန် ၁၆ ရက် ညနေပိုင်းတွင် ကွင်းဆင်းကြည့်ရှုသည်။
အဆိုပါ လုပ်ငန်းမှာ (၇၅) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးလျက်ရှိပြီဖြစ်ကာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ညောင်ရွှေမြို့ မိုင်းလီရပ်ကွက်ရှိ လက်ရှိဓာတ်အားသုံးစွဲသူ (၅၈၀)ခန့်မှာ ဓာတ်အားပြည့်ဝတည်ငြိမ်စွာ သုံးစွဲ နိုင်မည်ဖြစ်သည်။
စိုင်းအယ်ဘဲ