ပျော်ဘွယ်မြို့နယ်၌ Placement Test(အထူးအစီအစဉ်)စာမေးပွဲ တတိယနေ့  အေးချမ်းစွာဖြေဆို

ပျော်ဘွယ် ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ Placement Test(အထူးအစီအစဉ်)စာမေးပွဲ တတိယနေ့သင်္ချာဘာသာရပ်ဖြေဆိုခြင်းကို အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းတွင်ကျင်းပလျက်ရှိရာ ဇွန် ၁၇ ရက် နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုသည်။

သင်္ချာဘာသာရပ်ဖြေဆိုမှုအနေဖြင့် Grade-1 မှ Grade-8 အထိ စာရင်းရှိ ကျောင်းသား ၄၁ ဦး၊ ကျောင်းသူ ၅၅ ဦး၊ စုစုပေါင်း ၉၆ ဦးရှိပြီး၊ ဖြေဆိုသူ ကျောင်းသား၊ ၄၁ ဦး၊ ကျောင်းသူ ၅၁ ဦး၊ စုစု ပေါင်း ၉၂ ဦးဝင်ရောက်ဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသူ ၄ ဦးရှိကြောင်းသိရသည်။

အဆိုပါစာမေးပွဲဖြေဆိုနေမှုအား မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးမွန်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျောင်းများမှ ဆရာ၊ ဆရာမများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)