အမြို့မြို့အနယ်နယ်သတင်းများ

ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးကောလ်လျန်ထန်း ၂၀၂၆ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲသို့ တက်ရောက်

သဘာဝပန်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပရေး၊ သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်များရေရှည်ထိန်းသိမ်းနိုင်စေရန် အတွက် ၂၀၂၆ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲကို ဇွန် ၁၇ ရက် နံနက် ၈နာရီ က ချင်းပြည်နယ်လွှတ်တော်ရုံးဝန်းအတွင်း၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်း၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ သမဝါယမစာရင်းရေးစားရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပဉ္စမအကြိမ်မြောက် သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေးစားရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပဉ္စမအကြိမ်မြောက် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ယမန်နေ့နံနက်ပိုင်းက တက်ရောက်ကြသည်။

ကချင်ပြည်နယ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား စနစ်တကျ သိုလှောင်ဖြန့်ဖြူးရောင်းချနိုင်ရေး ဆွေးနွေး 

ကချင်ပြည်နယ်အတွင်း ဘိလပ်မြေအပါအဝင် အိမ်ဆောက်ပစ္စည်းများသယ်ယူ၍ စနစ်တကျ သိုလှောင်ဖြန့်ဖြူးရောင်းချနိုင်ရေး၊ ဈေးကစားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများအား အရေးယူကြပ်မတ်ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင် ဦးဆောင်သည့် ကချင်ပြည်နယ် အိမ်ဆောက်ပစ္စည်းသယ်ယူသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များက ဇွန် ၁၆ ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

မင်းကင်းမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်ရွေးချယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်ရွေးချယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သည်။

သီပေါမြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဌာနစိတ်(သီပေါ)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အားကစား နှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉နာရီက အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်း ပညာရတနာခန်းမတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ခရိုင်၌ အခြေခံတိုင်းရင်းဆေးပညာသင်တန်း ဖွင့် 

​ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ပြည်ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော "အခြေခံတိုင်းရင်းဆေးပညာသင်တန်း" ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၊ ပြည်ခရိုင်ရုံး ၌ ကျင်းပသည်။

ညောင်ဦးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊အနော်ရထာခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပသည်။

ကျောက်ဆည်မြို့၌ အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံတိုင်းရင်းဆေးပညာပေး သင်တန်းကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ငဖဲမြို့နယ်၌  ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ  ၂၂၆၂ ဧက လျာထားစိုက်ပျိုးမည်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ ၂၂၆၂ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စမ်းချောင်းမြို့နယ်၌ အခြေခံစာရင်း‌ရေး၊ စာရင်းကိုင်သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်တို့ ပူးပေါင်း၍ မြို့နယ်သမဝါယမအသင်း အမှုဆောင်များနှင့် အသင်း၀န်ထမ်းများ အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းဖွင့်ပွဲကို ယမန်နေ့က ကျွန်းတောလမ်း၊ ကျွန်းတော (အလယ်) ရပ်ကွက်၊ အရောင်းဆိုင် သမဝါယမအသင်းလီမိတက်၌ ကျင်းပသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ