အိမ်မဲ ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနား ကို ဇွန် (၁၅)ရက်က ကျင်းပသည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာများက ရပ်/ကျေးလုပ်ငန်းများနှင့်ဆက်စပ်ဆောင်ရွက်ရမည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူးများ က ဌာန၏ပင်မလုပ်ငန်းများ၊ အခြားဝန်ကြီးဌာနမှ လွှဲအပ်သည့် လုပ်ငန်းများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သင်ကြားခဲ့ကြောင်းသိရသည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုစာရေးဝန်ထမ်းများ းလုပ်ငန်းခွင်မွမ်းမံသင်တန်းတွင် သင်တန်းသား ၁၀၂ ဦးရှိပြီး သင်တန်းကာလမှာ ၂ ရက်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)