ညောင်ရွှေ၌ မိုးစပါးစိုက် သမအသင်းသားများသို့ မျိုးသွင်းအားစုပေးအပ်
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် ကြည်းထက်ကျေးရွာ မြပုလဲစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ကြည်းထက်ကျေးရွာ စာကြည့်တိုက်၌ ကျင်းပသည်။