ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌလမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID ထုတ်ပေးခြင်း အခမ်းအနားသို့ တက်ရောက်

ပင်းတယ ဇွန် ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း "မြတ်ရတနာ" ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပင်းတယမြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID ထုတ်ပေးခြင်းအခမ်းအနားကို ကျင်းပသည်။

ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များကို ပေးအပ်သည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး၊ ယနေ့တွင်ကျောင်သား/ကျောင်းသူ စုစုပေါင်း (၇၆)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များကို ထုတ်ပေးခဲ့ကြောင်း သိရသည်။ အခမ်းအနားအပြီးတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပင်းတယမြို့နယ်ဦးစီးမှူးရုံးမှ ကျောင်းသား/ကျောင်းသူများအား နိုင်ငံရေးစိစစ်ရေးကတ်ပြားနှင့် UID ပြုလုပ်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုကာလိုအပ်သည်များကို သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

အောင်ကိုဦး(ပြန်/ဆက်)