သဲကုန်းမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

သဲကုန်း ဇွန် ၁၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်​ပြပွဲကို ယနေ့နံနက်ပိုင်းက အ.မ.က (ရွာထောင်ကုန်း) နှင့် အ.မ.က (ရေတာရှည်) တို့၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ကလေးလုပ်သမား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အသက်အရွယ်အပိုင်းအခြားနှင့် အလုပ်အချိန်ကန့်သတ်ချက်များအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် မြန်မာနိုင်ငံရှိ ကလေးငယ်များအား ကျောင်းနေရွယ်အချိန်တွင် ပြင်ပလုပ်ငန်းခွင်များ၌ ခိုင်းစေမှုလျော့နည်းပပျောက်စေရန် စသည့်အကြောင်းအရာတို့ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှု​လေ့လာခဲ့ကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)