ညောင်ရွှေ ဇွန် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် ကြည်းထက်ကျေးရွာ မြပုလဲစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ကြည်းထက်ကျေးရွာ စာကြည့်တိုက်၌ ကျင်းပသည်။
ရှေးဦးစွာ မြပုလဲစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းဥက္ကဋ္ဌနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမြင့်ထွန်းတို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ အသင်း၏နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများဖတ်ကြားခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း၊ အသင်းစည်းကမ်းပြင်ဆင်ခြင်းတို့အား အတည်ပြုချက်ရယူကာ မိုးစပါးစိုက်သမဝါယမအသင်းသားများသို့ မျိုးနှင့်သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်