လသာ ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းအချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိနိုင်ရေးအတွက် လမင်းစီမံချက်ဖြင့် ကျောင်းစာကြည့်တိုက်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါဆောင်ရွက်မှုတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်များကို စနစ်တကျစိစစ်လက်ခံ၍ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကျောင်းအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအနေဖြင့် အချိန်နှင့် ကုန်ကျစရိတ်သက်သာစေပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးလုပ်ငန်းများ ပိုမိုမြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
နေလင်း (ပြန်/ဆက်)