အမြို့မြို့အနယ်နယ်သတင်းများ

၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားဖူဆယ် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာန‌ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းအချိန်က ဘားအံမြို့၊ ပြည်နယ်ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၌ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်အဆောက်အဦးများအတွက် ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ (ဈ)ရပ်ကွက်၊ ကနောင်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက  နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်အဆောက်အဦးများအတွက် ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ကျင်းပခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပြည်ထောင်စုနေ့နှင့် ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်အစိုးရအဖွဲ့၏စီစဉ်ပေးမှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားပေါင်းစုံချစ်ကြည်ရေးပိုက်ကျော်ခြင်း (အလွတ်တန်း) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက် မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်လွှတ်တော်ရုံးဝန်းအတွင်းရှိ မန်းထာရိပ်သာရှေ့ကွင်းပြင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

လားရှိုးမြို့ မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့်လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးတွင် ခရိုင်မီးဘေးလုံခြုံရေးအဖွဲ့မှဦးဆောင်၍ မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို  ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့ အမှတ် (၂) ရပ်ကွက်ရှိ မြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့သည်။

မြိတ်မြို့ ဆိပ်ငယ်ဈေးကြီးတွင် ဈေးမီးဘေးလုံခြုံရေး ပညာပေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ပွင့်လင်းရာသီ ရောက်ရှိနေပြီဖြစ်၍ မီးသတိမူရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ဈေးကြီးတွင် ဖေဖော်ဝါရီ (၈) ရက် နံနက်ပိုင်းက ဈေးမီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များမှ ဈေးသူဈေးသားများအား အသိပညာပေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ကြသည်။

ထားဝယ်မြို့ရှိ ကုန်တိုက်၊ mini Mart များအား အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Mobile Lab Van ဖြင့် စစ်ဆေးပြီးစားသောက်ကုန်မှတ်တမ်းတင်ခြင်းအကြောင်း အသိပညာပေးဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အစာဆေးဝါးကော်မတီဝင်များနှင့်အတူ ယနေ့နံက်ပိုင်းတွင် ထားဝယ်မြို့ရှိကုန်တိုက်များ၌ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Mobile Lab Van ဖြင့် စစ်ဆေးပြီး စားသောက်ကုန်မှတ်တမ်းတင်ခြင်းအကြောင်း အသိပညာပေးဆွေးနွေးသည်။

ထန်းတပင်မြို့နယ် မြို့မဈေးအတွင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့်မီးငြိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ထန်းတပင်မြို့နယ် မြို့မဈေးအတွင်းရှိ ဈေးသူ ဈေးသားများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံမှုရှိစေရေး အတွက် အသိ သတိရှိကြရန် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က မြို့မဈေးအတွင်းပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လွှတ်တော်အစည်းအဝေးကျင်းပနိုင်ရေး လွှတ်တော်ရုံးဝင်းအတွင်း ဌာနဆိုင်ရာများနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ (၇၉) နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်

ကချင်ပြည်နယ်အတွင်း တတိယအကြိမ် ကချင်ပြည်နယ်ပထမပုံမှန်အစည်းအဝေးကျင်းပပြု လုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက်ပိုင်းက ပြည်နယ်လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ရေးအတွက် လွှတ်တော်ရုံးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ‌ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

လားရှိုးမြို့တွင် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆိပ်ကြီးခနောင်တိုမြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်မီးသတ်ဦးစီး ဌာနမှ ဆိပ်ကြီးအရှေ့ ရပ်ကွက်ရှိ မြို့မဈေးကြီးတွင် မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေး၊ အသိပညာပေးဟောပြောခြင်းပြုလုပ်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ