အမြို့မြို့အနယ်နယ်သတင်းများ

ဆီဆိုင်မြို့နယ်တွင် ဈေးမီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုင်ခေါင်စံပြကျေးရွာ ဈေးအတွင်းရှိ ဈေးသူ၊ ဈေးသားများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံမှုရှိစေရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန်ရည်ရွယ်၍ ဈေးမီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဈေး၌ ပြုလုပ်ခဲ့သည်။

နမ့်စန်မြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း)ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၃ နာရီက နမ့်စန်ကျေးရွာအုပ်စု၊ ထင်းရှူးမြိုင်ကျေးရွာရှိ ELEVEN FUTSAL ကွင်းတွင် ကျင်းပခဲ့သည်။

ပေါက်ခေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Book Club ၊ Youth Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ၊ ဝါသနာတူလူငယ်များအသင်း (Youth Club) တို့ပူးပေါင်းပြီး စာရေးဆရာ ခင်စောတင့်ရေးသားသော “ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်”စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့တွင် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းဘုတ်စိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့အဝင်လမ်းဆုံ၌ပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်တာဝန်ရှိသူများက ဆိုင်းဘုတ်အား စိုက်ထူခဲ့ကြသည်။

ကျွန်းလှမြို့နယ်တွင် ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲ ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀‌၂၆ ပညာသင်နှစ်၊ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို သက်ဆိုင်ရာစာသင်ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် စျေးရောင်းပွဲတော်ကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်စျေးရောင်ပွဲတော်ကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်ရှေ့၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ သင်ကြား၊ စီမံဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အိမ်မဲမြို့တွင် ဒွါဒသမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ မိုးကုတ် (၂၉) ကျောင်းတိုက်၌ ဒွါဒသမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်န့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပခဲ့သည်။

ရေနံချောင်းမြို့၌ မီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာချိန်တွင် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး မြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့နံနက် ၉ နာရီတွင် မြို့မတောင်ရပ်ကွက်သို့သွားရောက်၍ မီးဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲများ ကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် 5×5 အလွတ်တန်း အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲနှင့် 3×3 (U-16/U-20) အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီ ၇ ရက်နေ့ နံနက်က ဗဟန်းမြို့နယ် ကျိုက္ကဆံဘတ်စကက်ဘောအားကစားရုံ၌ ကျင်းပသည်။

မိုင်းယောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက စာဖတ်စေရန်နှင့် စာဖတ်အားများ တိုးတက်လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ