အင်္ဂပူမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဇောင်းတန်း)တွင် လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ကျောင်းသား/သူများ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံပြီး ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန အ.ထ.က (ဇောင်းတန်း)တို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက အ.ထ.က (ဇောင်းတန်း) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။