ကမာရွတ်မြို့နယ် လူထုအခြေပြုဗဟိုပြုဌာန(Community  Cent re)၌ စာဖတ်ဝိုင်းကျင်းပ

ကမာရွတ် ဇွန် ၁၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းတို့ ပူးပေါင်းပြီး စာပေယဥ်ကျေးမှုနှင့်  စာပေနှင့်ယဥ်ကျေးမှု စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းကိုကျင်းပခဲ့ရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club) အသင်းမှ ဆရာတော်ဘုန်းတေဇ(ဇလွန်အဘိဓမ္မဓရ)၊ ဆရာကြီးဇင်ကျော်ဝင်း (မရမ်းကုန်း)၊ ဆရာကျော်လိူင်(လက်ခုပ်ကုန်း)၊ ဆရာအောင်ချစ်မိုး(မင်္ဂလာဒုံ)တို့က မုဒိတာစကား ပြောကြားပြီး တက္ကသိုလ်ဆရာဟန်မင်းဦးက အဖွင့်အမှာစကား ပြောကြားပြီး ကမာရွတ်မြို့နယ်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာနမှ ဦးစီးအရာရှိ (ဒေါ်စိမ်းလဲ့)က  ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် စာပေစကားဝိုင်းကိုကျင်းပရာ ဆရာမညွန့်ညွန့်(ကလော)နှင့် ဆရာမနန်းဝေတို့မှ စာပေယဥ်ကျေးမှုနှင့် စာပေနှင့်ယဥ်ကျေးမှုမှ ရရှိလာသည့် အကျိုးကျေးဇူးများ၊ အတွေ့အကြုံများ စသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းသို့  စာပေဝါသနာရှင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းမှ အဖွဲ့ဝင်များတက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေး နံရံကပ် စာစောင်နှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)