ကော့မှူး ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ည ၈ နာရီက မြို့မဈေးကြီး၌ ဈေးပိတ်ချိန်အတွင်း မီးကြွင်းမီးကျန်များ ကျန်ရှိမှုမရှိစေရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ လိုက်လံစစ်ဆေးရာတွင် ပြည်တော်သာရပ်ကွက်ရှိ မြို့မစျေးအား စျေးပိတ်ချိန်တွင် မီးကြွင်း မီးကျန်များ ကျန်ရှိမှုမရှိစေရေး၊ လုံခြုရေးမီးလိုင်းမှအပ မလိုအပ်သောလျှပ်စစ်မီးလိုင်းများ ပိတ်ထားစေရေး၊ စျေးလုံခြုံရေးအတွက် မီးကင်းများ စနစ်တကျချထားစေရေးနှင့် အခြားသော မီးဘေးလုံခြုံရေးကိစ္စရပ်များအား မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမြင့်သန်းနှင့် သန္ဓေ (၅) ဦး၊ စျေးတာဝန်ခံ ဦးအေးသွင်နှင့် စျေးလုံခြုံရေးအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)