နတ်မောက် ဇွန် ၁၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဝါအထွက်နှုန်းတိုးတက်ရေး၊ မျိုးစေ့ထုတ်လုပ်ခြင်းနည်း ပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ရွာမွန်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မြင့်မြင့်ချိုက ဝါသီးနှံကိုမျိုးကောင်းမျိုးသန့်များစိုက်ပျိုးပြီး ကိုယ်တိုင်မျိုးစေ့ထုတ်နိုင်စေရန် သင်တန်းဖွင့်လှစ်နည်းပညာပေးရခြင်းဖြစ်ကြောင်း ဒေသတွင်းမှာမျိုးကောင်းမျိုးသန့်မျိုးစေ့များပြန့်ပွားလာစေရန်၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များ အလွယ်တကူစျေးနှုန်းချိုသာစွာရရှိလာစေရန်၊ တောင်သူများကိုယ်တိုင် မျိုးကောင်းမျိုးသန့်မျိုးစေ့များ စိုက်ပျိုးထုတ်လုပ်တတ်စေရန်ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် နတ်မောက်မြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ချည်မျှင်ရှည်ဝါ(၃၀၆၄၂)ဧကလျာထားသတ်မှတ် စိုက်ပျိုးသွားမည်ဖြစ်ပြီး ဝါတင်းဧကပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အရည်အသွေးကောင်းချည်မျှင်ထုတ်လုပ်ရရှိနိုင်ရေးအတွက် ဝါမျိုးသန့်ပြောင်းလဲစိုက်ပျိုးနိုင်ရေးစီမံဆောင်ရွက်လျက်ရှိရာ ကျေးရွာအုပ်စု(၄၂) အုပ်စုရှိ ဝါစိုက်တောင်သူများအား ရွှေတောင်(၁၀)မျိုးစေ့ FUZZYအ မွှေးပါဝါစေ့( ၄၅၇၀)ပိဿာနှင့် Acid Delinted( ၈၀၂)ကီလိုအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တက်ရောက်လာကြသည့် တောင်သူ(၁၈၀)ဦးတို့အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
လှဝင်း