စလင်း ဇွန် ၁၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် နိုင်ငံတော်ထောက်ပံ့ငွေဖြင့် လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်)စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေမှ မျိုးနှင့်သွင်းအားစု ပေးအပ်ပွဲအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်၌ ယနေ့နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအား စလင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်က.အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အေးမှ စီမံကိန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြား၍ မျိုးနှင့် သွင်းအားစုများကိုထောက်ပံ့ပေးအပ်ခြင်း သမဝါယမဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ပံ့ပိုးငွေဖြင့် လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်)စီမံကိန်း စီမ်းလန်းဝေမျိုးစေ့ထုတ် သမဝါယမအသင်းနှင့် စာစီကျောင်းစိုက်/ထွေသမဝါယမအသင်းမှ အသင်းသား(၃၆)ဦးအား မိုးစပါးဧက(၁၈၀)အတွက် ပံ့ပိုးငွေကျပ်သိန်း(၅၁၈.၄)သိန်းနှင့် ညီမျှသော မျိုးနှင့်သွင်းအားစုများကို စလင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အေးတို့မှ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အေးနှင့်ဝန်ထမ်းများ သမဝါယမအသင်း(၂)သင်းမှ အမှုဆောင်အဖွဲ့နှင့်အသင်းသူအသင်းသားများတက်ရောက်ခဲ့ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်မှ စိမ်းလန်းဝေ မျိုးစေ့ထုတ်သမဝါယမအသင်းနှင့် စိုက်/ထွေသမဝါယမအသင်း မိုးစပါးမျိုးများပေးအပ်ခြင်း သွင်းအားစုများပေးအပ်ခြင်းများ၏အကြောင်းများကို ထပ်ဆင့်ဆွေးနွေးပြောကြားခဲ့ကာ အသင်းသူ/အသင်းသားများ၏ လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်း ရရှိသည်။
မောင်လွင်(စလင်း)