ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ချိုသာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေး
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ယနေ့နံနက်(၁၀) နာရီက အငြိမ်းစားဝန်ထမ်းများအတွက် ရွှေတိုးဆီအရောင်းဆိုင်က စားအုန်းဆီများ ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တို့မှ တာဝန်ခံအရာရှိနှင့်ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြသည်။