နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၌ Project Show 2025 ပြပွဲနှင့်ပြိုင်ပွဲကျင်းပ ကျောင်းသား၊ကျောင်းသူများက Project ပေါင်း(၄၇)ခု ပါဝင်ယှဉ်ပြိုင်ပြသ
နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ရှိ ကျောင်း သား၊ကျောင်းသူများ၏ နည်းပညာတတ်မြောက်ကျွမ်းကျင်မှုကိုပြသရန်၊ ပရောဂျက် အခြေပြု သင်ယူမှုကိုမြှင့်တင်ရန်၊ Project တည်ဆောက်နိုင်သည့်စွမ်းရည်မြင့်မားစေရန်၊ ပူးပေါင်း ဆောင်ရွက်တက်မှု၊ ခေါင်းဆောင်မှုစွမ်းရည်တိုးတက် စေရန်နှင့် နည်းပညာပြိုင်ဆိုင်မှုရှိ သောနယ်ပယ်တွင်ယှဉ်ပြိုင်နိုင်စေရန်အတွက် Project Show 2025 ပြပွဲနှင့်ပြိုင်ပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါတက္ကသိုလ်၌ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက Project ပေါင်း (၄၇)ခုဖြင့် ပါဝင်ယှဉ်ပြိုင်ပြသခဲ့ကြသည်။