အမြို့မြို့အနယ်နယ်သတင်းများ

မြစ်ကြီနားမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ရှိ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းရှိ နိုင်ငံရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်းကောက်ယူနိုင်‌ရေး ကြိုတင်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ကြီး)၊ ရှမ်းပြည်နယ် အသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်းကောက်ယူရေးလုပ်ငန်းအဖွဲ့၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု)စစ်တမ်း ကောက်ယူနိုင်‌ရေး ကြိုတင်ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အေးသာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

သင်္ဃန်းကျွန်းမြို့နယ်၊ YCDC Sports Complex Centre ၌ YCDC INVITATION FUTSAL CUP 2025 ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြီးမှူး၍ YCDC INVITATION FUTSAL CUP 2025 ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ YCDC Sports Complex Centre တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ် (၃/၂၀၂၅-၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ်(၃/၂၀၂၅-၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တောင်တွင်းကြီးမြို့နယ် ယင်းမလည်ချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုအား ကြည့်ရှု့စစ်ဆေး၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်း၊ ခရိုင်အဆင့် တာဝန်ရှိသူများသည် ယမန်နေနံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ်ရှိ ပွင်လှလေး - ပွင့်လှကြီးလမ်းပေါ်ရှိ ယင်းမလည်ချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်နေမှူအား ကြည့်ရှု့စစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့၌  အောင်ချမ်းသာအစိုးရဝန်ထမ်း‌ပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် စုဆောင်းငွေပေါ် အတိုးချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌  အောင်ချမ်းသာ အစိုးရဝန်ထမ်း‌ပေါင်းစုံသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် စုဆောင်းငွေပေါ် အတိုးချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်ကျေးရွာ၌ မိုးစပါး(ဆင်းရွှေဝါ) စပါးမျိုးစံပြစိုက်ကွက် ရိတ်သိမ်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်ကျေးရွာ၌ စိုက်ပျိုးထားသော မိုးစပါး(ဆင်းရွှေဝါ) စပါးမျိုးစံပြစိုက်ကွက် ရိတ်သိမ်းခြင်း ကို အောက်တိုဘာ   ၂၂ ရက် နံနက် ၁၀ နာရီက ယန်းခိုင်ကျေးရွာနေ ဦးပိုင်တောင်သူ ဦးအိုက်ဆမ်၏ လယ်မြေ၌ ဆောင်ရွက်သည်။

မိုးနဲမြို့နယ်၌ (၁၄)ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲလှည့်လည်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ၏ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၄)ကြိမ်မြောက် မြို့နယ်အဆင့် ဌာနဆိုင်ရာ များစုပေါင်းဘုံမဟာကထိန်စီတန်းလှည့်လည်ခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ဟော်ဝင်းစုရပ် နေရာမှ စတင်၍ စည်ကားသိုက်မြိုက်စွာလှည့် လည်ခဲ့ကြောင်းသိရသည်။

ကော့သောင်းမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ကော့သောင်းမြို့၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ မြို့မအားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။

သရက်မြို့နယ်မုဉ္ဇလီကျေးရွာတွင် မိုးစပါး(အောင်နိုင်တိုး)စံကွက်ရိတ်သိမ်းပွဲ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ကိုးပင်အုပ်စု မုဉ္ဇလီကျေးရွာ၌ ကွင်းအမှတ်(၅၂) ဦးပိုင်(၂၅၃) တောင်သူဦးလှသိန်း၏လယ်မြေ (၁.၀၀)ဧက၌ မိုးစပါး(အောင်နိုင်တိုး) စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက ကျင်းပခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ