ဟိုင်းကြီးကျွန်းမြို့၌ ပင်လယ်ပြင်သို့ထွက်ခွာမည့် ကမ်းဝေးငါးဖမ်းလှေများအား check point စစ်ဆေးခြင်းများပြုလုပ်

ဟိုင်းကြီးကျွန်း ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပင်လယ်ပြင်သို့ ငါးဖမ်းရန်ထွက်ခွာမည့် ကမ်းဝေးငါးဖမ်းလှေများအား check point စစ်ဆေးခြင်းများကို ယမန်နေ့နံနက် (၀၉း၀၀)နာရီအချိန်က ဟိုင်းကြီးကျွန်းဆိပ်ကမ်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဟိုင်းကြီးကျွန်းမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦးဆောင်သော check point စစ်ဆေးရေးအဖွဲ့ဝင်များသည် ဟိုင်းကြီးကျွန်းမြို့မှ ပင်လယ်ပြင်သို့ ငါးဖမ်းရန်ထွက်ခွာမည့် ကမ်းဝေးငါးဖမ်းလှေများပေါ်သို့ သွားရောက်ပြီး BMS စက်များ တပ်ဆင်ထားခြင်း ရှိ/မရှိ၊ ငါးဖမ်းလိုင်စင်များ၊ ရေလုပ်သားမှတ်ပုံတင်များ လုပ်ဆောင်ထားခြင်း ရှိ/မရှိ၊ တရားမဝင်ပစ္စည်းများ သယ်ဆောင်ထားခြင်း ရှိ/မရှိနှင့် ငါးလုပ်ငန်းဥပဒေပါ စည်းကမ်းချက် များအား လိုက်နာခြင်းရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသော ငါးဖမ်းလှေများအား ပင်လယ်ပြင်သို့ထွက်ခွာခွင့်ပြုခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ ကမ်းရိုးတန်းဒေသများတွင် ကမ်းဝေးငါးဖမ်းရာသီကို ဧပြီလ ၁ ရက်နေ့မှစတင်ကာ သုံးလကြာရပ်နားထားခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ ဖြေလျော့ပေးရေး အစီအစဥ်ဖြင့် ဇွန်လ ၁၆ ရက်နေ့မှစတင်ကာ ငါးဖမ်းရာသီအား ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်