အမြို့မြို့အနယ်နယ်သတင်းများ

ဖယ်ခုံမြို့၌ နေရပ်ပြန်စိုက်ပျိုးတောင်သူများအား မိုးစပါးစိုက်ပျိုးရန် စပါးမျိုးစေ့ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၌ နေရပ်ပြန်စိုက်ပျိုးတောင်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးစပါးစိုက်တောင်သူများအတွက် စပါးမျိုးစေ့ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်၁၀နာရီက ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ ယခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့နံနက် (၁၁) နာရီက ညောင်ကိုင်းကျေးရွာမှ တောင်သူ (၅၁) ဦး ဧက (၃၀၂) ဧကအတွက် ချေးငွေကျပ် (၉၀၆) သိန်းအား အဆိုပါဘဏ်ခွဲ၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် BOC မီးပွိုင့်၌ ယာဥ်ကြောလမ်းများ မှန်ကန်စွာမောင်းနှင်စေရန် ကွင်းဆင်းဆောင်ရွက်

ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့မှကြီးမှူး၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းနှင့် ယာဥ်လမ်းကြောများ မှန်ကန်စွာမောင်းနှင်စေရန် အရှိန်အဟုန်မြှင့်တင်ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၈) နာရီအချိန်က BOC မီးပွိုင့်တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်း၌ မိသားစုဝင်ငွေတိုးစီမံကိန်းမှ ကြိမ်အခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ဒေသတစ်ခုထုတ်ကုန်တစ်ခုဆောင်ရွက်မည့် အစီအစဉ်ဖြင့် ကြိမ်အခြေခံလက်မှုထည်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့နံနက်ပိုင်းကရွာထောင်ရပ်ကွက်ရှိ  ရွာထောင်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်နည်းပညာပေးသင်တန်းပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်‌တော်၊ ဇေယျာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မှိုမျိုးစုံစိုက်ပျိုးထုတ် လုပ်နည်းပညာပေးသင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက စည်ပင်သာယာကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ(KC)၌ ကျင်းပခဲ့သည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လှည့်လည်ငှားရမ်း‌ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးကြသည်။

မော်လိုက်မြို့‌၌ အမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးများနှင့် ယဉ်ကျေးမှုဓလေ့များ‌‌ အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ အမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးများနှင့်ယဉ်ကျေးမှုဓလေ့များ‌ ‌အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနား တက်ရောက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်း၌ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Abhay Thakur နှင့်အဖွဲ့အား လက်ခံတွေ့ဆုံသည်။ နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည့် ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ပြင်ဦးလွင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်‌ပေးခြင်းနှင့် UIDထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက် ဖြင့်  ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းများကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁၇)၊ အနီးစခန်း အခြေခံပညာ အထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ကြယ်ပွင့်ပြမေးခွန်း(၁၅)ခု မေးမြန်းဖြေကြား

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(၁၁)ရက်မြောက်နေ့ကို ဇွန် ၁၈ ရက် နံနက် ၁၀ နာရီက မန္တလေး အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ်(၆)ရပ်ဖြင့်ကျင်းပသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးက မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၁၅)ခုကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ