တွံတေးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် ဥာဏ်စွမ်းရည်ပြိုင်ပွဲများကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ဟောပြောပွဲ၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့နံနက် (၁ဝ) နာရီအချိန်က အလယ်ချောင်းကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာရှိ အ.ထ.က(အလယ်ချောင်း)၌ ကျင်းပခဲ့ကြောင်း သိရသည်။