လှိုင်သာယာ(အနောက်) ဇွန် ၁၉
ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့မှကြီးမှူး၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းနှင့် ယာဥ်လမ်းကြောများ မှန်ကန်စွာမောင်းနှင်စေရန် အရှိန်အဟုန်မြှင့်တင်ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၈) နာရီအချိန်က BOC မီးပွိုင့်တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပြုလုပ်ဆောင်ရွက်ခြင်းကို တပ်ဖွဲ့စု (၆၈) မှ ရဲအုပ်အေးသန္တာဝင်း၊ တပ်ကြပ်ကြီး ကျော်ဇင်မင်းနှင့်တပ်ဖွဲ့ဝင်များသည် BOC မီးပွိုင့်တွင် သွားလာနေသောယာဉ်များအား (၂၀၂၀) ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် အိုးဝေ၊ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများအား လမ်းအလယ်မှ မောင်းနှင်မှုမရှိစေရေး မော်တော်ယာဥ်များ သတ်မှတ်နံပါတ်ပြားများ တပ်ဆင်စေရန်၊ ပါဝါအတ်ဇောများ တပ်ဆင်မောင်းနှင်မှုမရှိစေရေး၊ အရက်သေစာသောက်စားပြီး မောင်းနှင်သူများမရှိစေရေး Alcohol Tester ဖြင့်တိုင်းတာစစ်ဆေးကာ အသိပညာပေးခြင်းများပြုလုပ်၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)