အမြို့မြို့အနယ်နယ်သတင်းများ

မြင်းခြံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြော

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အထက-၄ ကျောင်း၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြော

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ်တွင်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ် ဟောပြောပွဲ၊  ကဗျာရွတ်ပြိုင်ပွဲနှင့်   စာအုပ်ပြပွဲများကို ယနေ့ မွန်းလွဲ ၁နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပသည်။

ပြင်ဦးလွင်မြို့ နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကိုမြှင့်တင်‌စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင်  လူငယ်စကားဝိုင်းကို ယနေ့နံနက်၉နာရီက  အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ကော့ကရိတ်မြို့တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကတ် ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကော့ကရိတ်မြို့တွင် ရက် ၁၀၀ လမင်းစီမံချက်ဖြင့် အခြေခံပညာ ကျောင်းများရှိ အသက်(၁၀)နှစ် ပြည့်ပြီးသူ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UIDကတ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၁၆ ရက်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း(ချောင်းတောင်)၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။

ထားဝယ်မြို့၌ အားကစားရေးရာ အသိပညာပေးဟောပြောပွဲ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းတို့ပူးပေါင်း၍ အားကစားအသိပညာပေးဟောပြောပွဲကို ယ​မန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ၂ဝ၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခြေခံမူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

မြိတ်မြို့နယ်သစ်​တောဦးစီးဌာနမှ မိုးရာသီသစ်ပင် စိုက်ပျိုး​ရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း​ရေးဆိုင်ရာ အသိပညာ​ပေး

တနင်္သာရီတိုင်း​ဒေသကြီး မြိတ်မြို့နယ်သစ်​တောဦးစီးဌာနမှ မိုးရာသီသစ်ပင် စိုက်ပျိုး​ရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲကို ဇွန်(၁၈)ရက် နံနက်ပိုင်းက နောက်လယ်​ရပ်ကွက်ရှိ အ.ထ.က(၅)​ကျောင်းတွင် ကျင်းပ​သည်။

ထားဝယ်မြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ  ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့် ပြင်ပလူနာဌာနအပေါ်ထပ်၊ အမျိုးသား သွေးလှူဘဏ်၌ ကျင်းပသည်။

ကျွန်းစုမြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ   အသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနက မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာများကို ဇွန် ၁၇ ရက် နံနက်ပိုင်းက တောနောက်လယ်ကျေးရွာရှိ အထက(ခွဲ)ကျောင်း ခန်းမ၌ ကွင်းဆင်းအသိပညာပေးဟောပြောသည်။

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံးအဆောက်အဦ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်ဒုတိယသမ္မတ(၂)ရာထူးတာဝန်ကိုထမ်းဆောင်နေသော ကရင်ပြည်နယ်လွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁)ဒေါ်နန်းနီနီအေး ဘားအံလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)အစား ဦးအောင်မြင့်သိန်း ဘားအံလွှတ် တော်ကိုယ်စားလှယ်အမှတ်(၂)အား အစားထိုးတာဝန်ပေးအပ်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ