ငါးသိုင်းချောင်းမြို့၌ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာသူများအား ဆန်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆန် (၁) အိတ်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။