အမြို့မြို့အနယ်နယ်သတင်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြောင်းမြမြို့၌ ခရိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီများနှင့် တွေ့ဆုံပွဲကို ဇွန်လ (၁၇) ရက်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

အိမ်မဲမြို့နယ် အခြေခံပညာကျောင်းအနီးမှစျေးဆိုင်များအား အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာ ရောင်းချခြင်းမရှိစေရေး ပူးပေါင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအနီးပတ်ဝန်းကျင်တွင် အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာရောင်းချမှုမရှိစေရေးအတွက် တာဝန်ရှိသူများက ပူးပေါင်း၍ ယမန်နေ့ကဆောင်ရွက်ခဲ့သည်။

မိုင်းယန်းခရိုင် မိုင်းယန်းမြို့၌ MCCT အာဟာရအသိပညာပေးဆင့်ပွားသင်တန်းပေးခြင်း အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ MCCT အာဟာရအသိပညာပေးဆင့်ပွားသင်တန်းပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

ဆိပ်ဖြူမြို့နယ်တွင် ကျောင်းမုန့်ဈေးဆိုင်များ၌ စားသုံးရန်မသင့်သည့်အစားအစာများရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးအသိပညာပေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကျောင်းမုန့်ဈေးဆိုင်များ၌ စားသုံးရန်မသင့်သည့် အစားအစာများရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးအသိပညာပေးလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်သည်။‌

ကာလိမြို့တွင် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ

၂၀၂၆ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ အမှတ်(၁၅၁)ခြေလျင်တပ်ရင်း တပ်ဝန်းအတွင်း ကွန်ဟိန်းမြို့နယ် သစ်တောဦးစီးဌာနကကြီးမှူး၍ ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

သရက်မြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပဆောင်ရွက်သည်။

နတ်မောက်မြို့နယ် တိုင်းရင်းဆေးကုဌာနက အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တွင် ကွင်းဆင်းကုသ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကွင်းဆင်းဆေးကုသခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တွင် ဆောင်ရွက်ခဲ့သည်။

ကျောက်တလုံးကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်‌ ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်‌ ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ပြုလုပ်သည်။

တောင်သာမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်ကွင်းဆင်း၍ ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ပြသဆောင်ရွက်

တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်ကွင်းဆင်း၍ ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ပြသဆောင်ရွက်မှုအား ယနေ့ နံနက် ၉ နာရီက အနောက်ရပ်(အ.လ.က)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၊ အမက(၂) ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား ကျောင်းဝတ်စုံများ လှူဒါန်းပေးအပ်

မန္တလေး‌တိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် (၉)နာရီက ကျောင်းသား/ကျောင်းသူများအား ကျောင်းဝတ်စုံများ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ