အမြို့မြို့အနယ်နယ်သတင်းများ

ဒါးပိန် တိုက်နယ်၌ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကု

ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ပံ့ပိုးများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)၊ ရန်ကုန်အရိုးအထူးကုဆေးရုံကြီး၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနပူးပေါင်း၍ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသမှုအစီအစဉ်ကို  အောက်တိုဘာလ (၂၃) ရက်နေ့၌  ဒါးပိန် တိုက်နယ်ဆေးရုံ၊ လှည်းကူးမြို့နယ်တွင် ဆောင်ရွက်ခဲ့ရာ အထွေထွေရောဂါသမားတော်ဌာန၊ အထွေထွေခွဲစိတ်ဌာန၊ သားဖွားမီးယပ်အထူးကုဌာန၊ ကလေးရောဂါအထူးကုဌာန၊ ဆီးချိုနှင့်သွေးချိုအထူးကုဌာန၊ အရိုးအထူးကုဌာန၊ သွားနှင့်ခံတွင်း အထူးကုဌာန၊ အရေပြားအထူးကုဌာန၊ ဓါတ်မှန်ဌာနနှင့် တီဘီရောဂါတိုက်ဖျက်ရေးဌာန စသည့် ဘာသာရပ် (၁၀)ခုမှ လူနာစုစုပေါင်း (၈၂၃)ဦးအားကြည့်ရှုကုသပေး၍ ဆေးနှင့် ဆေးပစ္စည်းများလည်းအခမဲ့ထောက်ပံ့ပေးသည်။

မြောင်းမြမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြခြင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

မိတ္ထီလာခရိုင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက အ.လ.က ဘုရားချောင်း (ရပ်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဘီးလင်းမြို့၊ အ.မ.က(အင်းဝိုင်းကုန်း)ကျောင်းဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အ.မ.က (အင်းဝိုင်းကုန်း) ကျောင်း မိုးရာသီ ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ သည်။

လွိုင်လင်မြို့၌ (၇၇) ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းဘုံကထိန်လှည့်လည်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ (၇၇) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းဘုံကထိန်လှည့်လည်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးရုံး၌ စာအုပ်လှူဒါန်းပွဲကျင်းပ

အများပြည်သူများ စာအုပ်စာပေဖတ်ရှုခြင်းများမှ အသိပညာဗဟုသုတများစွာရှိစေရန်အတွက် ရည်ရွယ်ကာ စာအုပ်လှူဒါန်းပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးရုံး၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကွန်ဟိန်းမြို့၊ အလင်းရောင်စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ မြို့မကျေးရွာအုပ်စု၊ ဝိန်းနန်းကျေးရွာ၊ အလင်းရောင်စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင် ရေးဟောပြောပွဲအား ယမန်နေ့နံနက် (၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ တောင်ငူခရိုင်ပြည်သူ့ဆေးရုံ ဓါတ်မှန်အထူးကုဆရာဝန်ကြီးနဲ့အဖွဲ့ Mobile Ultrasound ဖြင့် အခမဲ့ကွင်းဆင်း ဆေးကု

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ တောင်ငူခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဓါတ်မှန်အထူးကုဆရာဝန်ကြီးနှင့်အဖွဲ့သည် Mobile Ultrasound​ ဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသခြင်းကို ဆရာဝန်ကြီး ဒေါက်တာ ခိုင်စန္ဒာလင်း ဦးဆောင်၍ အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ၌ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ