ပုသိမ်၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအမျိုးမျိုးနှင့်စပ်လျဉ်းသည့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်

ပုသိမ် ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် သစ်ညိုကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအမျိုးမျိုးနှင့်စပ်လျဉ်းသည့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆောင်ရွက်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီ၊ အဖွဲ့ဝင် (၁) ဦးလှမိုးတို့က လတ်တလောဖြစ်ပွားခဲ့သည့် ငလျင်ဘေးအကြောင်း၊ မြန်မာနိုင်ငံတ၀န်းဖြစ်ပွားနိုင်သည့် သဘာ၀ဘေးအမျိုးမျိုး၊ သဘာဝဘေးအန္တရယ်များ ကြုံတွေ့လာပါက ဆောင်ရန်ရှောင်ရန်အချက်များနှင့စပ်လျဉ်း၍ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောကာ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ သစ်ညိုကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ‌ကျောင်းသူ (၂၁၀) ဦး တက်ရောက်ခဲ့ကြပြီး ဆက်လက်၍ ပုသိမ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းတွင် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)