မအူပင် ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၆-၂၀၂၇ မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများသို့ ရွှေငွေတိုးကုမ္ပဏီနှင့်ပူးပေါင်း၍ သွင်းအားစုဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ရွှေငွေတိုးကုမ္ပဏီလီမီတက် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ မြို့နယ်စိုက်တိုးမြှင့် ကော်မတီအဖွဲ့နှင့် အသင်းသားတောင်သူ (၅၀) ဦး တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့် မြို့နယ်စိုက်တိုးမြှင့်ကော်မတီအဖွဲ့တာဝန်ရှိသူများမှ တက်ရောက်လာသည့်တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်ဆက်)