တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်း၌ ကလေးများအား စက္ကူဖြင့် အရုပ်ခေါက်ပြခြင်း ဆောင်ရွက်ပေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ စက္ကူဖြင့်အရုပ်ခေါက်ပြခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။