တန့်ယန်း ဇူလိုင် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာဖေမြင့်၏ “ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း” စာအုပ်ခေါင်းစဉ်ဖြင့် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာဝင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းအိအိဖြူနှင့် ဝန်ထမ်းများက စာရေးဆရာဖေမြင့်၏ “ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း” စာအုပ်ပါ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့သည်။
ယင်းနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာဝင်းသိန်းနှင့် အဖွဲ့ဝင်များက စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)