မိုင်းစံ ဇူလိုင် ၁၀
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အိဇာချိုက အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထ္ထုပ္ပတ္တိ၊ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် ကြိုပမ်းဆောင်ရွက်ချက်များ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ ရယူပေးခဲ့သောလွတ်လပ်ရေးကို တန်ဖိုးထားတတ်လာအောင် အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မိုင်းစံမြို့ အ.ထ.ကကျောင်းမှ အလယတန်းအဆင့် ကျောင်းသာ/သူများက “အာဇာနည်နေ့တို့မမေ့” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ရာ ဆုရကျောင်းသား/သူများကို သက်ဆိုင်ရာတာဝန်ရှိသူက ဆုများ ချီမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့နှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
အိဇာချို (မိုင်းစံ၊ပြန်/ဆက်)