ကျောက်တလုံးကြီးမြို့တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

ကျောက်တလုံးကြီး ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ်  အသိပညာပေးဟောပြောပွဲကို ကျောက်တလုံးကြီးအခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ရှေးဦးစွာ အ.ထ.ကကျောက်တလုံးကြီးမှ ဆရာဦးန္ဒာဦးက အဖွင့်အမှာစကားနှင့် ဟောပြောပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး အဋ္ဌမတန်းတွင်ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများက အာဇာနည်ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိကို တစ်ဦးချင်း ဟောပြောကြသည်။

ဟောပြောပွဲသို့ အ.ထ.ကကျောက်တလုံးကြီးမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်းကိုပိုမိုသိရှိပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်းများဖြစ်လာစေရန်နှင့် လူအများရှေ့တွင် စကားပြောစွမ်းရည်ကောင်းမွန်စေရန်၊ ဟောပြောနိုင်ရေးအတွက် စာပေများရှာဖွေဖတ်ရှု၍ အချက်အလက်များရှာဖွေစုဆောင်းတတ်စေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း