သံဖြူဇရပ်မြို့နယ် မူလွန် (အောင်သာယာ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

သံဖြူဇရပ် ဇူလိုင် ၁၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့နံနက်ပိုင်းက မူလွန် (အောင်သာယာ) ကျောင်း၌ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။

အသိပညာပေးဟောပြောပွဲတွင် သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးသီက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးကို အသိပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား ကလေးကဗျာများ ကာတွန်းရုပ်ပြများစသည့် ကလေးစာပေများကို ဖတ်ရှုစေခဲ့သည်။

ထို့နောက် သဘာဝဘေးဆိုင်ရာ သိကောင်းစရာများ၊ ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးသူငယ်စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများ စသည့်အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)