တနင်္သာရီတိုင်းဒေသကြီး

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ပြပွဲ/ ပြိုင်ပွဲများ မြိတ်ခရိုင်လူထုအ‌ခြေပြုဗဟိုဌာနတွင် ကျင်းပ

(၇၈)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည့် မြန်မာ့လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲ/ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်လူထုအ‌ခြေပြုဗဟိုဌာနတွင် ဒီဇင်ဘာ(၃၀)ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

ပလောက်မြို့တွင် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ယနေ့နံနက် ၉ နာရီက ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပလောက်မြို့၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများ ကျင်းပ

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းဆင့်နှင့် အလယ်တန်းဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်မှစ၍ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ပြုလုပ်ခဲ့သည်။

ထားဝယ်မြို့၌ ရွေ့လျားစာကြည့်တိုက် ဖြင့် သုတ/ရသစာအုပ် စာစောင်များ ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များ တင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများသို့ သုတ/ရသစာအုပ် စာစောင်များ ငှားရမ်းပေးခဲ့သည်။

ထားဝယ်မြို့၌ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း အကြိုညှိနှိုင်းအစည်း အဝေးကျင်းပ

ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအကြိုညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက် ၁၁ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ် (၈) အခြေခံပညာအထက် တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဘုတ်ပြင်းမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဓာတ်ပုံပြပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့်ကာယစွမ်းရည်ပြိုင်ပွဲများကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဓာတ်ပုံပြပွဲ၊နံရံကပ် စာစောင်ပြပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  (Community Centre) ခန်းမတွင်ကျင်းပခဲ့သည်။

ပုလောမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို)ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ကျပန်းစကားပြောပြိုင်ပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ပုလောမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ခမောက်ကြီးမြို့ရှိ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ရက် နံနက် ၆ နာရီ၌ မဲရုံးအသီးသီးအား စတင်ဖွင့်လှစ်ရာ မဲဆန္ဒရှင်ပြည်သူများက ခမောက်ကြီးမြို့အတွင်းရှိ မဲရုံအမှတ်(၁)တွင်  လာရောက်မဲပေးလျက်ရှိသည်။

ကရသူရိမြို့၌ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ ဆန္ဒမဲလာရောက်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်က ကရသူရိရပ်ကွက် မဲရုံအမှတ်(၁)တွင် စတင်ဖွင့်လှစ်ရာ ရပ်ကွက်/ကျေးရွာများရှိ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ ဆန္ဒမဲလာရောက်ပေးလျက်ရှိင်း သိရသည်။

ကော့သောင်းမြို့နယ်၌  မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ယနေ့နံနက်(၆)နာရီမှစတင်ကာ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး