ဘုတ်ပြင်း ဇွန် ၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အောင်မင်္ဂလာရပ်ကွက်ရှိ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မူလွန်-အောင်မင်္ဂလာကျောင်းတာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်မိုင်စုမွန်ကြည်က ကျောင်းအခြေပြု ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုပြောကြားသည်။ ဆက်လက်၍ ဘုတ်ပြင်းမြို့နယ် မြို့နယ်ဥပဒေအရာရှိ ဒေါ်ယဉ်လဲ့မင်းဝေနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းတို့နှင့် ဘုတ်ပြင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ကြပ်ကြီးသာဇံတို့က ကျောင်းသားကျောင်းသူများအနေဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် လမ်းဖြတ်ကူးသွားလာရာတွင်လည်း သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ မော်တော်ဆိုင် ကယ်စီးနင်းသူများ လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်များစသည့် အကြောင်းအရာများကို အသိပညာပေး အသီးသီး ဟောပြောခဲ့ကြကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)