ထားဝယ် ဇွန် ၁၀
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်သည် ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှု၊ ပြည်သူ့ဝန်ဆောင်မှု ပေးနေသော စာကြည့်တိုက်လုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်က ရုံးဝန်ထမ်းများ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ မြို့နယ်ရုံးမှဝန်ထမ်းများအား တာဝန်ထမ်းဆောင်ပေးထားမှုအခြေအနေ၊ ပြည်သူများအား စာကြည့်တိုက်ဝန်ဆောင်ပေးနေမှုအခြေအနေ၊ သုတရသစာအုပ်စာစောင်များအား တိုက်ပိုင် /မျိုးတူစုအလိုက် ဗီဒိုများဖြင့် ခွဲခြားထား၍ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ DLMS ရေးသွင်းနေမှု အခြေအနေများနှင့် Reader’s Paradise Application Software အား Play Store တွင် Download ဆွဲ၍ စာအုပ်များအား ဖတ်ရှုလေ့လာနိုင်ကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ စာအုပ်လာရောက်ငှားရမ်းရာတွင် လွယ်လင့်တကူ ရှာဖွေနိုင်အောင် ဆောင်ရွက်ပေးထားရန်လိုအပ်ကြောင်း၊ ခေတ်နှင့်အညီ ပညာရပ်များတစ်ခုချင်းအလိုက် သုတ၊ ရသစာအုပ်စာရင်များအား Digital Library Management System (DLMS) စနစ်ဖြင့် ရေးသွင်းသည့်အတွက်ကြောင့် အချိန်ကုန်သက်သာပြီး ကောင်းမွန်ကြောင်းပြောကြားပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)