တနင်္သာရီတိုင်းဒေသကြီး

ထားဝယ်မြို့၌၂၀၂၅-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကိုရည်ရွယ်၍ ၂၀၂၅-ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ ဆန်းချီရပ်၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အိမ်ရာဝင်းအတွင်း၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကို  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အတူတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ထားဝယ်ဘိုးဘွားရိပ်သာဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် မြိတ်ကြက်ခြေနီအသင်း(ခွဲ)မှ စုပေါင်းသွေးလှူဒါန်း

ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် ဒသမအကြိမ် မြိတ်တက္ကသိုလ်မိသားစု၏ စုပေါင်းသွေးလှူဒါန်းပွဲကို မြိတ်တက္ကသိုလ်ကြက်ခြေနီအသင်း(ခွဲ)မှကြီးမှူး၍ ဇွန်(၂၁)ရက် နံနက်ပိုင်းက မြိတ်ပြည်သူ့ဆေးရုံ သွေးလှူဘဏ်တွင်ကျင်းပခဲ့ပြီး  ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများက စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

 ကျွန်းစုမြို့၌ ကျောင်းနေအရွယ်ကလေးများ ပညာသင်အထောက်အကူဖြစ်စေရန်တွက် စာရေးကိရိယာများ လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ ပညာသင်အထောက်အကူဖြစ်စေရန်တွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်များ စုပေါင်းလှူဒါန်းသော စာရေးကိရိယာများကို ဇွန်လ ၁၉ ရက်နေ့ နှင့် ၂၀ ရက်နေ့တို့တွင် အခြေခံပညာကျောင်းများသို့ သွားရောက်လှူဒါန်း‌သည်။

အ.ထ.က တောင်ဒဂုံကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ထောင်ခမက်ကျေးရွာအုပ်စု၊ တောင်ဒဂုံ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၊ အပတ်စဉ် (၃၂) ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီခွဲက ထားဝယ်မြို့၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သရက်ချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ‌ပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်၏ တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန်က ခ မ ရ (၄၀၅) တပ်ရင်းဝင်းအတွင်း၌ မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့သည်။

ကော့သောင်းမြို့တွင် မုန်တိုင်းအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ကော့သောင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်အပါအဝင် မုန်တိုင်းအန္တရာယ်ကျရောက်လာပါကပြည်သူများ စနစ်တကျ တုံ့ပြန်ဆောင်ရွက်ကြစေရန်နှင့် သက်ဆိုင်ရာဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ  အလျှင်အမြန်တုံ့ပြန်၍ ကူညီကယ်ဆယ်ဆောင်ရွက်ပေးနိုင်ရေးအတွက် ကော့သောင်းခရိုင်မီးသတ်ဦးစီးဌာနမှ မုန်တိုင်းအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၈)နာရီခန့်က ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ၊ ဆိုင်ကလုန်း Shelter တွင် ကျင်းပပြုလုပ်ရာ ကော့သောင်းခရိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအား‌ပေးခဲ့ကြသည်။

သရက်ချောင်းမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကျင်းပ

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ် အသိ ပညာပေးဟောပြောပွဲနှင့်ပြပွဲများကျင်းပခဲ့သည်။

မြိတ်မြို့နယ် ပင်းအိုကျေးရွာတွင် အမျိုးသမီးများ ဝင်ငွေတိုးရရှိရေးအတွက် အခြေခံစက်ချုပ်နည်း သင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ပင်းအိုကျေးရွာ၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း (အမျိုးသမီးများဝင်ငွေတိုးရရှိရေး)ဖြင့် အခြေခံစက်ချုပ်နည်းသင်တန်းကို ဇွန်လ (၁၉) ရက် နံနက်ပိုင်းက မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပင်းအိုအရှေ့ကျောင်းတွင် ဖွင့်လှစ်သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး