ကျွန်းစုမြို့၌ ကျောင်းနေအရွယ်ကလေးများ ပညာသင်အထောက်အကူဖြစ်စေရန်တွက် စာရေးကိရိယာများ လှူဒါန်း

ကျွန်းစု ဇွန် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ ပညာသင်အထောက်အကူဖြစ်စေရန်တွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်များ စုပေါင်းလှူဒါန်းသော စာရေးကိရိယာများကို ဇွန်လ ၁၉ ရက်နေ့ နှင့် ၂၀ ရက်နေ့တို့တွင် အခြေခံပညာကျောင်းများသို့ သွားရောက်လှူဒါန်း‌သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့်အဖွဲ့ဝင်များက ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေစေရေးနှင့် ကျောင်းတက်နေသည့် ကလေးများ ကျောင်းနေမြဲရေးအတွက် အထောက်အကူတစ်ခုဖြစ်‌စေ‌ရန်အတွက် လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ က အ.လ.က (ခွဲ) သင်္ဃန်းအော်၊ အ.လ.က (ခွဲ) ပြင်ထပ်အော်၊ အ.ထ.က (ခွဲ) ကမ်းကြီး၊ အ.ထ.က ကျွန်းစု၊ အ.ထ.က ကတ္တလူ၊ အ.ထ.က (ခွဲ) ကတန်၊ အ.ထ.က တာလပိုင်း၊ အ.ထ.က (ခွဲ)ကဘင်းချောင်းကျောင်း၊ စုစုပေါင်း ကျောင်း ၈ ကျောင်းတို့အတွက် စာအုပ်ဒါဇင် ၃၈၇ ဒါဇင်၊ ဘောပင် ချောင်း ၅၀၀ တို့အား သွားရောက်လှူဒါန်းရာ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ လက်ခံရယူခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများထံသို့ ပြန်လည်ပေးအပ်လှူဒါန်းခဲ့သည်။

ထက်မြင့်(ကျွန်းစု)